zaiman Android Phone ah root bawn kul i pa?
>>>>>read contineu
ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက
အကျိုးအမြတ် တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။ပြီးတော့ Android Phone
တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေ က
အရေးကြီးပိုင်းမှာအသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user
တွေအတွက် root လုပ်လိုက်လို့အခြေခံ သဘာ သဘာ ၀တွေ၊ တချို့ ရိုးရှင်းတဲ့
applications တွေကိုလဲ အသုံးပြုဖို့ ၊ပြီးတော့ android phones တွေကို root
လုပ်ပြီး appllications တွေကိုအလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က
ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေး ထားပါတယ်။ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root
လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊
စွမ်းရည်မြင့်တင် ထားတဲ့custom software (ROM) ၊custom themes ,
Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့်
သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။root လုပ်ပြီးတာနဲ့
မိမိဖုန်း ကို administrator အနေနဲ့ system တခုလုံးကို
အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလို လဲပြုပြုနိုင်ပါ တယ်။ဥပမာအနေနဲ့
နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ
ပုံစံနဲ့အတူတူပါပဲ။Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device
ရဲ့ manufacturers or mobile operatorsတွေက တစ်စုံတစ်ခုအတွက်
အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root
လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ
မလုပ်နိုင်ပါဘူး။ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service
တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင်
သင့်ပြုလုပ်နိုင်ပါတယ်။အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို
root ပြုလုပ်ရတဲ့ အစီအစဉ်ကိုAndroid rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို
Root မလုပ်ခင် သတိထားရမဲ့အချက်သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်
မှာဖော်ပြ ထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်…………..
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့်
new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup
လုပ်ထားပြီးSD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM
ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ
Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)အခြား New Rom အသစ်
သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီးသုံးနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ပတ်သက်တဲ့ ROM တွေက
Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android developers
တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်းအနည်းအကျဉ်း သဘောပေါက်လောက်ပါပြီ။
မှတ်ချက် ။ ။ ကို aungkyaw ဆိုဒ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
credit: www.aungkyaw.com (Software City)
အားလုံးပဲ အဆင်ပြေကြပါစေဗျာ….
ဒီစာပိုဒ့်ကို Pdf ဖိုင်နဲ့လိုချင်ရင် Download
Hmet tu
Subscribe to:
Post Comments (Atom)
Laitlaang khanhnak hnikhnaih (punctuations) ko daan te pawl. Zanniat Karama: No Hlai Mang.
1.2. LAITLAANG KHANHNAK HNIKHNAIHTE (PUNCTUATIONS) (1) . = Full stop, Period = Akhet, khet (2) , = Comma = Kawma (3) ; = Semicolon ...
-
Chin-ram Misssionaries le Zumtu Hmaisa By Ting HLei Thang on Sunday, August 07, 2016 Chin-ram Misssionaries le Zumtu Hmaisa ...
-
Kawlram ah Blue Film,nazi pahnih song rori video online in zuar,edit ciahnak daih lekhaw thawng nga,a rori edit lo hnak daih lekhaw t...
-
Myanmar rampui President thar ril tlang Pyituh Hluttaw live.
-
Kawlram in Japan ram fehtuh pawl zawl tawk tihnak thu heh tunlai thuthang lar pakhat ii ve ii,.Tunnia ah Agent pa leh zawl tuartu pawl taw...
-
USA, Indianapolis ai fenu mawi Khuang Hliang par thihhnak thufiang a unu pasal in relfianhnak nai ii.
No comments:
Post a Comment