Hmet tu

Thursday, February 25, 2016

Chin mi songin Aungsan turizah ngah tu


Peter Van Thawng
ကွန်မြူ နစ်စနစ်မှ ဗမာပြည်ကိုကယ်တင်ခဲ့သူ ချင်းပြည်နယ် မတူပီမြို့ နယ်မှ သူရဲကောင်း အောင်ဆန်းသူရိယတိုက်ချွန်းအကြောင်း
------------
မတူပီမြို့နယ်မှ တောင်ပေါ်သားလေးတစ်ဦး အလွန်ပင် ခက်ခဲကြမ်းတမ်းကာ ရုန်းကန်နေရသော ငယ်ဘ၀အကြောင်း၊ ဖလမ်းမြို့သို့ သွားရောက်ပညာသင်ကြားပုံ၊ ဒုတိယ ကမ္ဘာစစ်တွင် ဗြိတိသျှစစ်သား အဖြစ်အမှုထမ်းခဲ့ပုံ၊ အောင်ဆန်းသူရိယ ဘွဲ့နှင့်ဂုဏ်ပြု ခံရသည်အထိ နိုင်ငံတော်အတွက် တိုက်ပွဲအမျိုးမျိုး ၀င်ရောက်တိုက်ခိုက်ပုံများနှင့် သူ၏အိမ်ထောင်ရးတစ်စေ့တစ်စောင်း အကြောင်းများ ဖော်ပြသွားမည် ဖြစ်သည်။
တောင်ပေါ်သားလေး တိုက်ချွန်း


တိုက်ချွန်းသည် ၁၉၂၃ ခုနှစ်တွင် မတူပီမြို့နယ် လွီဗန်ရွာ၌ ဖွားမြင်ခဲ့ပြီး မွေးချင်းညီအကို မောင်နှမ များရှိသော်လည်း ငယ်ရွယ်စဉ်ကပင် ဆုံးပါးသွားကြသည်။ သူ၏ ဖခင် ဦးထန်ရေးသည်လည်း ထင်းခုတ် ဓါးဒဏ်ရာအသေးမွှားကြောင့် သွေးထွက်လွန်ကာ အသက်ဆုံးသွားခဲ့ရပြီး သူ့မိခင်သည် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ခဲ့ရသည်။ သို့သော် တစ်နှစ်ခန့်အကြာတွင် နောက်တစ်အိမ်ထောင်ကို ပြန်လည်တည်ထောင်ခဲ့သော်လည်း တိုက်ချွန်းသည် ဖထွေးနှင့် မတည့်သဖြင့် ဦးလေးအိမ်၌ တောင်ယာအလုပ်ကို ၀င်ကူလုပ်ပေးရင်း ခိုကပ်နေရသည်။ နောက်ပိုင်းတွင် ရွာသူကြီးက ကျောင်းတက်ရန် မတူပီမြို့သို့ အတင်းပို့ခြင်းခံရလေသည်။ ထိုခေတ်၌ မတူပီပညာအုပ်သည် တစ်ရွာတက် တစ်ရွာဆင်း၍ ကလေးများကို အတင်းကောက်ခံပြီး ကျောင်းတက်စေသော ခေတ်ဖြစ်သည်။ ထိုအချိန်တွင် ကလေးများ အတွက် ကျောင်းတက်ခြင်းသည် အလွန်နုံခြာသော အရာဟု ထင်မှတ်ကျရာ မိဘများသည်လည်း သားသမီးများကို တောင်ယာအလုပ်သာ လုပ်စေလို၍ ၀ှက်ထားလျှက်ရှိကြသည်။ ကျောင်းမတက်သော ကလေးများသည်လည်း အတင်းပို့ခံရသော ကျောင်းသားများကို လှောင်ပြောင်ခဲ့ကြသည့်ခေတ်လည်းဖြစ်သည်။ တိုက်ချွန်းသည် ၁၉၄၀၊ အသက် ၁၆နှစ်တွင် မတူပီးမြို့ချင်းဘာသာစာသင်ကျောင်းမှ စတုတ္ထတန်းကို အောင်မြင်ခဲ့ရာ ဆရာ/မ များ၏ စီမံပေးသည့်အတိုင်း ဖလမ်းမြို့၌ ပညာဆက်လက်သင်ကြားခဲ့သည်။
ဖလမ်းမြို့တွင် ပညာရေးမှူး ဦးအောင်ဒွေးအိမ်၌ နေရပြီး အိမ်မှုကိစ္စ အ၀၀ ကို တာဝန်ယူခဲ့သော်လည်း ပင်ပန်းခြင်းမရှိခဲ့ပါ။ သို့သော် ထိုအိမ်၌ ပြသနာတစ်ခုရှိသည်က ပညာရေးမှူးမှာ သူနဲ့အရွယ်တူတဲ့ သမီးအချောလှတစ်ယောက် ရှိခြင်းဖြစ်သည်။ ပြသနာကိစ္စက ဟိုလိုမျိုး ကိစ္စတော့မဟုတ်။ ပညာအုပ်သမီး၏ အစဉ်အနိုင်ကျင့် နှိပ်စက်ခြင်းကိုအမြဲခံနေ ရခြင်းပင်ဖြစ်သည်။ ထိုအဖြစ်ရပ်ကြောင့် တိုက်ချွန်းသည် နေအိမ်မှ ထွက်ပြေးရလေသည်။ အိမ်မှထွက်လာပြီးနောက် ချင်းအမျိုးသမီး တစ်ဦးနှင့်လမ်းမှာ ဆုံကြရာ ၊ ထိုအမျိုးသမီး ဖိတ်မှုကြောင့် သူမအိမ်၌ နေထိုင်ခွင့်ရရှိကာ ကျောင်းဆက်လက် တက်ခဲ့ရသည်။ နောက်တစ်နေ့တွင်မူ သူမ၏ ခင်ပွန်းအလုပ် ၀ိုင်းကူလုပ်ရန် အစောကြီးထရလေတော့သည်။ ထိုအလုပ်သည်လည်း ချီးကျုံးရသည့် အလုပ်ပင် ဖြစ်သည်။ အပေါင်းဖော်များ၏ ဝေဖန် လှောင်ပြောင်ခြင်းခံရသည့် ဒဏ်က တစ်မျိုး၊ မလုပ်ချင်ဘဲ လုပ်ရသည့် အလုပ်ဒဏ်က တစ်မျိုး စိတ်ဖိဆီးမှုတွေ များကာ အိမ်မှ ပြန်ထွက်ပြေးရပြန်သည်။ ထိုနောက်တွင် ထင်းပို့သူ တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ရာ ထိုအချိန်တွင် ဖလမ်းမြို့သို့ ဗြိတိသျှစစ်တပ်မှ စစ်သားစုစောင်းရေး လုပ်ဆောင်လာကြရာ သူ၏ ဘ၀အလှည့်ပြောင်းကြောင့် ၁၆နှစ် အရွယ်မှာပင် ဗြိတိသျှစစ်တပ် ထဲဝင်ရောက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ထဲမှ မဟာမိတ် စစ်သားလေး တိုက်ချွန်း
တိုက်ချွန်းသည် ဘင်ခရာ တပ်ဖွဲ့တွင် ဘင်တီးစသင်ရသည်။ တစ်နှစ်ခန့်ကြာသောအခါ ဘင်ခရာ တပ်ဖွဲ့တွင် ဘင်ခရာပညာ၊ စစ်ပညာကိုပါ စုံစုံလင်လင် ကျွမ်းကျင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် သူ့အား Burma Rifle တပ်၊ တပ်ရင်း ၅ မိတ္ထီလာ တွင် စစ်မှုထမ်းခဲ့ပြီး ၂နှစ်ခန့်ကြာသောအခါ သူသည် စစ်တိုက်ဖူးရုံမှ အပ စစ်ရေး အတက်ပညာ အားလုံးကို ရည်ရည်လည်လည် ကျွမ်းကျင်ခဲ့ပြီးဖြစ်သည်။ သူ့တပ်ရင်းအား ကျိုင်းတုံ မြို့သို့ပြောင်းလိုက်ပြီးနောက် သူတို့တပ်ရင်းမှူး Major Martin လက်အောက် တွင်အမှုထမ်းခဲ့ရသည်။ ၁၉၄၂ နှစ်အလယ်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂျပန်တပ်တို့သည် မြန်မာပြည်ကို အရှိန်ဟုန်ပြင်းစွာ သိမ်းပိုက်သော အချိန်ဖြစ်သောကြောင့် တိုက်ချွန်းတို့ တပ်ရင်းသည်လည်း မြန်မာပြည်မှ ဆုတ်ခွါသွားရသည်။ ရေနံချောင်းတွင် ဂျပန်တပ်များမှ ၀ိုင်းရံထားပြီး ဂျပန်လေတပ်၏ ဗုံးများကြားမှ စစ်ကိုင်းဘက်သို့ ဆုတ်ခွါရလေသည်။ ၂ရက်လုံးလုံး မအိပ်၊ မစားဘဲ ရောက်သည့်ရွာများ၌ ရိက္ခာများဝင်ရှာရာရပြီးနောက် စစ်ကိုင်းမှ မုံရွာသို့ ဆက်လက်ဆုတ်ခွါခဲ့ရသည်။ မုံရွာမှ ရေဦးတွင် စစ်ရှုံးပြီး ကိုယ့်အစီစဉ်ဖြင့် ပြေးရမည့်အခြေအနေသို့ရောက်သောအခါ Burma Rifle တပ်ရင်း ၅ သည်လည်း တပ်ဖျက်ခံရပြီး တစ်ချို့မှာ ချင်းတောင်သို့ ပြန်ရလေသည်။ တိုက်ချွန်းသည် ဗြိတိသျှတို့နှင့်အတူ အိန္ဒိယသို့ လိုက်ရန် Major Kap Cung ထံသို့နားပူနားဆာလုပ်ရာ ခွင့်ပြုချက်ရပြီးနောက် ရေဦးမှ အိန္ဒိယပြည် Imphal သို့ တောထဲတောင်ထဲ ခြေကျင်ခရီး ဖြင့် ခက်ခက်ခဲခဲ၊ နားချိန်မရှိ၊ ရေသန့်ဗူးထဲ ဆန်ထည့်၊ စိမ် စားကာ လမ်းခရီးတွင် အိပ်စက်အနားယူခြင်း မရှိဘဲ တရကြီး ခရီးနှင်ခဲ့သည်။ Imphal တွင် Burma Rifle တပ်ရင်း ၄ နှင့် ၅ များပြန်စုခဲ့ကြသည်။ ၁၉၄၃ ခုနှစ်တွင် ကလက္ကတား သို့ပြောင်းရွှေ့ခဲ့ပြိး Glider တပ်သား၊ လေထီးတပ်သား တစ်ယောက်အဖြစ် စစ်ပညာများ ဆက်လက်သင်ယူခဲ့သည်။
ထိုနောက် မြန်မာပြည်ရှိ ဂျပန်တပ်များ၏ လှုပ်ရှားမှု သတင်း၊ ချင်းတွင်းမြစ်အတွင်း ဂျပန် စစ်တပ်၏ အသွားအလာသတင်းများ ထောက်လှမ်းရန် မော်လိုက် အနီးတွင် Glider ဖြင့်ဆင်းခဲ့ရသည်။ မော်လိုက် ခရိုင်တွင် ထောက်လှမ်းရေး တပ်သား အဖြစ် ၂ လခန့် လှုပ်ရှားခဲ့ရာ သည်။ ထိုအချိန်ဗြိတိသျှ Chindit တပ်ရင်းသည် ဂျပန်တပ်များကို ထိထိရောက်ရောက် မထိုးဖောက်နိုင်၍ ထောက်လှမ်းရေးတပ်ဖွဲ့ကိုလည်း ပြန်လည်ဖျက်သိမ်းပြီး ကလက္ကတား သို့ပြန်လှည့်ခဲ့ရသည်။ နောက်ထပ် စစ်ဆင်ရေးတစ်ခုအနေဖြင့် ကလေးမြို့သို့ ပြန်သွား၍ ထောက်လှမ်းရေး သတင်းမျး ကို အန္ဒိယထံသို့ ပြန်ပို့ပေးခဲ့သည်။ ထိုအချိန်တွင် သူနှင့်တကွ တာဝန် ထမ်းဆောင်ခဲ့သော ရဲဘော် တစ်ချို့သည် ဂျပန်စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ အခြေအနေမဟန်သဖြင့် တိုက်ချွန်းသည် ကလက္ကတား သို့ပြန်သွားပြီး၊ လေထီးသင်တန်းကို ထပ်မံ သင်ကြားနေလေတော့သည်။
ဒုတိယကမ္ဘာစစ်ထဲမှ ထောက်လှမ်းရေးစစ်သား တိုက်ချွန်း
ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်တပ်များအသာစီးရလာပြီး၊ ဂျပန်စစ်တပ်တို့ Imphal မှ ဆုတ်ခွါနေသောအချိန်ပင်ဖြစ်သည်။ တိုက်ချွန်းပါဝင်သော တပ်သား ၁၂ ဦးသည် လေထီးဖြင့် အိန္ဒိယမှ မေမြို့သို့ ၁၉၄၅ ခုနှစ်၊ ဖေဖ၀ါရီ လကုန်ပိုင်းတွင် ခုန်ဆင်းခဲ့ကြပြီး မေမြို့အနီးရှိ တောနက်ထဲတွင်စခန်းချခဲ့ကြသည်။ ရိက္ခာကိုမူ လိုအပ်သလို လေယဉ်ဖြင့်ပို့ပေးခဲ့ကြသည်။ တပ်စု ဦးဆောင်သူ Major Martin သည် တိုက်ချွန်းနှင့် မူးမတ်အား မြို့ထဲသို့ သတင်းစုံစမ်းရန် တာဝန်ပေးခဲ့သည်။ သူတို့သည် အရပ်သားများကဲ့သို့ ရှမ်းဘောင်ဘီ နှင့်တိုက်ပုံ များကို ၀တ်ဆင်ကြပြိး လမ်းတွင်တွေ့ရှိသူ ရှမ်းအမျိုးသား တစ်ဦးအား အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးမှ တွေ့လိုကြောင်းပြောရာ ထိုသူသည်လည်း Major Martin နှင့် သိကျွမ်းရင်းနှီးရုံ သာမက သူ၏ ကျန်ရစ်ခဲ့သော မိသားစုကို ပါစောင့်ရှောက်ထားသူ တစ်ဦးလည်းဖြစ်သောကြောင့် အကူအညီပေးရန် သဘောတူခဲ့သည်။ ထိုအမျိုးသားဆီတွင် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး တောင်ယာသမား အသွင်ပေါက်လာသောအခါ ထိုရှမ်းအမျိုးသား က တိုက်ချွန်းတို့နှစ်ဦးအား ဂျပန်စစ်ဗိုလ်ထံသို့ အလုပ်လုပ်ရန် စီစည်ပေးခဲ့သည်။ ဂျပန်တို့တပ်ထံတွင် အလုပ်ကြမ်းဝင်လုပ်နေရင်း ဂျပန်တို့၏ အခြေအနေ၊ သွားရေး လာရေးမှန်သမျှကို ညနေတိုင်း ၀ိုင်ယာလက်ဖြင့် အိန္ဒိယသို့ သတင်းပေးရသည်။ တိုက်ချွန်းပေးသော သတင်းအရ ဗြိတိသျှတက်သည်လည်း ချက်ချင်းပင် ထိုနေရာများအား ဗုံးကြဲ ဖျက်ဆီးရလေသည်။ စစ်အရှိန်မြင့်လာပြီး ကချင်အမေရီကန် Levies သည် မေမြို့ကို ၀င်ရောက်တိုက်ရာတွင်လည်း တိုက်ချွန်းပေးသော သတင်းများဖြင့်သာ လှုပ်ရှားကြသည်။ မေမြို့ကို သိမ်းပြီး ၆ရက် အကြာတွင် သူ့အား အိန္ဒိယ သို့ပြန်ပို့ပေးသည်။ ထိုနောက် နောက်တစ်ကြိမ် လေထီးဖြင့် ကလက္ကတားမှ သထုံမြို့အနီးသို့ ထပ်မံဆင်းရလေသည်။ ထိုအချိန်တွင်မူ ကရင်တို့နှင့်အတူ ထောက်လှမ်းရေးဆက်လက် ဆောင်ရွှက်ပြီး သထုံရှိ ဂျပန်စစ်တပ်ရှိရာနေရာများကို သတင်းပို့ကြရသည်။ ၁၉၄၅ခုနှစ် မေလ တွင် ရန်ကုန်မြို့ကို ဗမာ့တပ်ကတော်က သိမ်းယူလေရာ သထုံမှ ကက္ကတားသို့ ပြန်သွားခဲ့သည်။ ဂျပန်နိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေချိန်မှာပြင် စစ်ကြီးပြီးဆုံးခဲ့ရသည်။ တိုက်ချွန်းသည် ဗြိတိသျှစစ်တပ်အတွက် သူ၏သက်စွန့ှ်ဆံဖြှား စွမ်းဆောင်ချက်များအတွက် ဗြိတိသျှအစိုးရက Burma Gallantry Medal (B.G.M) ခေါ် မြန်မာပြည်စစ်မြေပြင် အမှု့ထမ်းကောင်းဆုံးဆု အားချီးမြှင့်ခြင်းခံရသည်။ တိုက်ချွန်းတို့၏လေထီးတပ်အား ဗြိတိသျှတို့မှ ဖျက်ဆီးပြီးနောက်၊ ဗြိတိသျှတို့မှ ဗမာ့တပ်မတော်အတွက် အသစ်ဖွဲ့စည်းထားသော ချင်းသေနတ်ကိုင်တိုင်းရင်းသား (၁) တွင် တပ်ကြပ်အဖြစ် ခန်းထားခြင်းခံရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံခဲ့သည်ဖြစ်ရပ်
ချင်းသေနတ်ကိုင်တိုင်းရင်းသား (၁) သည် ထောက်ကြံ့မြို့ တွင် စခန်းချပြီး တိုက်ချွန်းသည် ကင်းစောင့်တာဝန်ယူရသည်။ ထိုအချိန်တွင် မြန်မြာ့ပည်လွတ်လပ်ရေး တောင်းဆိုသံသည် ဒိတ်ဒိတ်ကြဲ ရှိနေသော အချိန်ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မသိသောသူ မရှိခဲ့ပေ။ တစ်နေ့တွင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှုး Kap Cung သည် တိုက်ချွန်းအား ဗိုလ်ချုပ်လာမည့် အကြောင်း၊ ကင်းတပ်ဖွဲ့မှ ဗိုလ်ချုပ်အား အလေးပြု ကြိုဆိုရန် အမိန့်ပေးခဲ့သည်။ ထိုကြောင့်တိုက်ချွန်းသည် သူ ကိုယ်တိုင် သန့်ရှင်းရေးလုပ် ၍ ပြောင်လက်နေသော ခါးပတ်၊ အရိပ်ပေါအောင် တိုက်ထားသော စစ်ဖိနပ် နှင့် ခေါက်ရိုး မကျိုး၊ တောင့်တင်းနေသော စစ်ယူနီဖောင်းကို ၀တ်စင်ကာ ဗိုလ်ချုပ်အား မည်လို့ အရိုသေပေးရမည်ကို ပုံစံ အမျိုးမျိုး တွေးကာ စိတ်မောနေစဉ်တွင် ကင်းစောင့်ရဲတစ်ဦးမှ လူတစ်ယောက် လာကြောင်း တိုက်ချွန်းအား လှမ်းပြောလိုက်သည်။
တိုက်ချွန်းသည် ကင်းဝသို့ပြေးကာ ဖျင်ပင်နီတိုက်ပုံ နှင့် ချည်ပုဆိုးအကွက်ကြီး ၀တ်၍ ဖော့ဦးထုပ်စောင်းထားသော လူတစ်ဦးကို မြင်ရာ ထိုလူမှ “ ရဲဘော့်ရဲဘော့် ကျုပ်ဝင်ချင်တယ်” ဟုပြောက တိုက်ချွန်းမှ သူ ၀င်ခွင့်မပြုနိုင်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလာမည်ဖြစ်သောကြောင့် သူ့ကိုလည်း လမ်းလယ်ခေါင်၌ မရပ်စေလိုကြောင်း ထိုလူကို ပြောရာ စိတ်ခုစွာဖြင့် “ဘယ်နဲ့ဗျာ့ ခြေရာမထင်အောင် လှည်းထားတဲ့မြေတွေတော့ ပွကုန်တော့မှာပဲ ” ဟု ရေရွတ်ကာ ဗိုလ်ချုပ်သည် ထိုပွနေသော အရာများကို မြင်၍ စိတ်မချမ်းသာဖြစ်ပြီး သူ့အားအပြစ်တင်မည်ကို စိုးရိမ်နေခဲ့သည်။ ထိုလူသည် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ အထဲဝင်ခွင့် ရမည်ကိုသာ ပူဆာနေ၍ တိုက်ချွန်းမှ “ဟေ့လူ့ ဘယ်လိုလူလဲ။ ပြောနေတာ မကြားဘူးလား၊ ဒီမှာမနေပါနှင့် ဘေးမှာနေပေးပါ” ဟုတစ်ခေါက်ပြန်ပြောလိုက်သည်။ ထိုလူသည် လည်း ဗိုလ်မှုး Kap Cung နှင့်တွေ့ချင်ကြောင်းတောင်းဆိုပြန်သည်။ တိုက်ချွန်းသည် ဒုတပ်ရင်းမှူး၏ မိတ်ဆွေဖြစ်မည်ဟု ယူဆ၍ သူ့အားအပြင်၌သာ စောင့်ရန်နှင့် လုံး၀၀င်မလာရန် ပြောပြီး ဒုတပ်ရင်းမှူးအား သွားလျှေက်တင်ကာ ဒုတပ်ရင်းမှူးက ပြတင်းပေါက်မှ လှမ်းကြည့် ၍ မျက်လုံးပါ ပြူးထွက်သွားသည်။ တိုက်ချွန်းအား အမိန့်ပေးကာ ထိုသူသည် ဗိုလ်ချုပ်ဖြစ်ကြောင်းနှင့် သူ့အားအမြန်ဂုဏ်ပြုရန် အမိန့်ပေးခဲ့သည်။ သူ၏စိတ်ထဲတွင်မူ ဗိုလ်ချုပ်ဆိုသည့်ရာထူး အရှိန်အ၀ါနှင့် ကား၊ ကိုယ်ရန်တော်အပြည့်အစုံဇြင့် လာမည်ဟုထင်မိခဲ့သည်။ ထိုအချိန်၌ တိုက်ချွန်း၏ ထိတ်လန့်ခြင်းသည် အထွတ်အထိပ်သို့ရောက်ခဲ့ပြိး အလျှင်မြန်ပြေးလာကာ ရဲဘော်များအား အမိန့်ပေး၍ ဗိုလ်ချုပ်အား အလေးပြုခဲ့ကြသည်။ ဗိုလ်ချုပ်သည် သူ့အားကြည့်ကာ “မင်း တာဝန်ကြေတယ်၊ စစ်သားဆိုတာ အဲဒီလို ဖြစ်ရမယ်” ဟု ချီးကျူးလိုက်သော်လည်း တိုက်ချွန်းသည် သူ၏ အဖြစ်ပျက်ကိုပြန်တွေးကာ တပရင်းမှူးအဆူခံရမည့်အဖြစ်ကို တွေးရင်း ဘာလုပ်ရမည် တောင် မသိခဲ့ပေ။
တိုက်ချွန်း နှင့် အလံနီကွန်မြူနစ်ပါတိုက်ပွဲ
၁၉၄၆ ခုနှစ်တွင် သခင်စိုးဦးဆောင်သော အလံနီကွန်မြူနစ်ပါတီ သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ၁၉၄၇ တွင်မူရခိုင်ဘက်တွင် သောင်းကျန်းနေပြီဖြစ်သည်။ တိုက်ချွန်းသည် တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပြီး ချင်းသေနတ်ကိုင်တိုင်းရင်းသား (၁) သည် ရခိုင်ပြည်နယ် မြေပုံမြီု့တွင် တာဝန်ကျလေသည်။ တစ်နေ့တွင်တိုက်ချွန်းသည် တပ်ခွဲရုံးရှေ့၌ လေ့ကျင့်ခန်းပြုလုပ်နေစဉ် တပ်ခွဲရုံးအနောက်ဘက် တောင်ကုန်းမှ အလံနီတစ်စုက လှမ်းပစ်လိုက်ကြသည်။ တိုက်ချွန်း သည်တပ်စုကို ကတုတ်ကျင်းများ၌ ချက်ခြင်းနေရာယူရန် အမိန့်ပေးခဲ့ပြီး ရန်သူ၏ အင်အားကို မှန်ပြောင်းဖြင့် အကဲခတ်ကြည့်သည်။ ထောင်နှင့်ချီ၍ရှိမည်ဟုသူထင်ရပြီးတိုက်ချွန်းတို့တပ်စုသည် လူ(၄၀)ပင်မပြည့်သောကြောင့် ပရိယာယ်သုံး၍တိုက်မှသာလျှင် တပန်းသာမည်ဟု စဉ်းစားခဲ့ရာ ရဲဘော်များအားတစ်ချက်မှ မပစ်ရန် အမိန့်ပေးခဲ့သည်။ အလံနီတစ်စုက ပစ်ရင်းခတ်ရင်း ”ချင်းတပ်သားတွေ လက်နက်ချ၊ လက်နက်ချရင် အသက်ချမ်းသာပေးမည်” ဟုအော်သော်အခါ တိုက်ချွန်းနှင့်ရဲဘော်(၁၂)ယောက်သည် လက်နက်ချဟန်ဆောင်၍ လက်နှစ်ဘက်ကို အပေါ်သို့မြောက်လိုက်ပြီး ကျန်ရဲဘော်များကို ပစ်ရန်အသင့်ပြင်ထားရန် အမိန့်ပေးခဲ့သည်။ အလံနီတပ်တို့သည် လက်နက်ချပြီးထင်၍ တောင်ပေါ်မှ အုပ်လိုက်ချီ၍ ဆင်းလာကြသည်။ တိုက်ချွန်းတို့နေရာယူထားသော ကတုတ်ကျင်းနား အရောက်၊ ပစ်ကွင်းအတွင်းသို့ ရောက်လာသည်နှင့်တိုက်ချွန်းသည် ပစ်… ”kap” ဟုအမိန့်ပေးကာ ရဲဘော်တို့သည် ဆက်တိုက်ပစ်လိုက်တော့သည်။ အလံနီတပ်တို့အလုံးအရင်း ဖြင့် ကျရှံးကြရာ ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးကြရတော့သည်။ အလံနီဘက်မှ တပ်သားအယောက် (၉၀) ခန့်ကျဆုံးပြီး လက်နက် (၃၀၀) ကျော်သိမ်းဆီးခဲ့ရသည်။ တိုက်ချွန်းတို့ဘက်တွင်ပင် အကျအဆုံးမရှိခဲ့ပေ။ ထို့နောက်အလံနီဌာနချုပ် ကြာအင်းတောင်ကိုလည်း နှစ်ကြိမ်သွားစီးနင်းခဲ့သည်။ မောင်းတောမှ ”မူဂျာဟစ်ဒင်း” သူပုန်များကိုလည်း သွားရောက်နှိမ်နှင်းခဲ့သည်။ နောက်ပြီး ချင်းသေနတ်ကိုင်တိုင်းရင်းသား (၁) သည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ရန်ကုန်သို့ ပြောင်းရလေသည်။
သေရွာပြန်ကိုသံခဲ
တိုက်ချွန်း သည်ရန်ကုန်တွင် တပ်ထိန်းတပ်ကြပ်ကြီးအဖြစ်တာဝန်ယူရသည်။ တပ်ထိန်းတပ်ဖွဲ့မှ ရဲဘော်များကို ဆိုင်ကယ်စီးသင်ပေးရပြီး တစ်နေ့တွင်တိုက်ချွန်း ဦးဆောင်သောရဲဘော်(၅)ဦးတို့သည် မော်တော်ဆိုင်ကယ်ကိုယ်စီဖြင့် အစီးလေ့ကျင့်ရန်ထွက်လာခဲ့ကြသည်။ အပြန်လမ်း မင်္ဂလာဒုံဗဟိုနိုင်ငံရေး တက္ကသိုလ်မရောက်မီ မီးရထားလမ်းအားဖြတ်ရာတွင် လီဗာကိုနင်းပြီးကျော်ဖြတ်ခဲ့ရာ ရထားလမ်းဘက်သို့ခရီးနှင်းလာသော ကုန်ကားကြီးနှင့်အရှီန်ပြင်းစွာတိုက်မိသောကြောင့်တိုက်ချွန်းသည်သတိမရတော့ပေ။ မင်္ဂလာဒုံစစ်ဆေးရုံကြီးတွင် ဆရာဝန်ကြီးများက ကုသပေးခဲ့သော်လည်း တိုက်ချွန်းကမလှုပ်၊ သို့နှင့် တပ်ကြပ်ကြီးသေပြီဟု ဆရာဝန်များက သတ်မှတ်ပြီး ရင်ခွဲရုံသို့ ပို့ခံရလေသည်။ ထို့နောက်တိုက်ချွန်းသည် အိမ်မက်ဆိုးကြီးမှနိုးလာသည့်အတိုင်းပင် ရင်ခွဲရုံ၌သတိပြန်ဝင်လာလေသည်။ မျက်စိဖွင့်ကြည့်သောအခါ ဘယ်အခန်း ရောက် နေသည်ကိုမသိ၊ အလောင်းကို ကုတင်ပေါ်မှရှိသမျှ အားစိုက်ထုတ်ပြီး တံခါးကိုထုလိုက်သည်။ နောက်ပြီး ခဏတွင်သော့ခလုတ်သံကြားပြီး ရင်ခွဲရုံတံခါး ပွင့်သွား၏။ တံခါးဖွင့်ပေးသူက ကြောင်၍ရပ်ကြည့်နေစဉ်တွင် တိုက်ချွန်းသည် အတင်းပြေးသွား၏။ သို့သော်ဆေးရုံဝန်ထမ်းများက လိုက်ဖမ်းပြီး အိမ်ဆေးထိုးပေးကာ ဆေးပြန်လည် ကုသပေးခဲ့လေသည်။ နောက်တနေ့ တိုက်ချွန်း သတိပြန်လည်ဝင်လာချိန်တွင် သူနာပြု ဆရာမလေးနှစ်ဦးက”ဆာဂျင်ကြီး မနေ့ကဘာဖြစ်လို့ ဆေးရုံဝင်းထဲမှာ အ၀တ်မပါဘဲ လျောက်ပြေးနေရတာလဲ” ဟုနောက်သောအခါ တိုက်ချွန်းခဗျာ ဆိုင်ကယ်မှောက်တုန်းက သေမှသာ ပို ၍ ကောင်းမည်။ “မသေလို့သာဒီလို အရှက်ရတာပဲ“ ဟုဆိုပြီး ရှက်ပြီးရင်းရှက်နေမိသည်။ တိုက်ချွန်း သည် ဆေးရုံတွင် တစ်လမျှနေရပြီး ဆေးရုံအဆင်းတွင် သူ၏အပေါင်းအသင်းများက ”သေရွာပြန် ကိုသံခဲ ”ဘွဲ့ကိုချီးမြင့်ခဲ့ကြသည်။ ထိုအချိန်က မြန်မာနိုင်ငံ တ၀န်းတွင် ပြည်တွင်းစစ်စတင်နေပြီဖြစ်ရာ သခင်သန်းထွန်း ဦးဆောင်သော ကွန်မြူနစ်ပါတီသည် တောခိုခဲ့သည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) သည်လည်း ကရင်လွပ်လပ်ရေအတွက် တိုက်ပွဲစ၀င်နေချိန်ဖြစ်သည်။ ဗမာ့တပ်မတော်လည်း အင်အားဖြည့်တင်းချိန် ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံရှိသူများကို ရာထူးတိုးမြင့် ခဲ့ကြရာ တိုက်ချွန်းသည်လည်း ဒုဗိုလ်ရာထူး ရရှိခဲ့သည်။
ဦးစက္ကန့်ကျောင်းတိုက်ပွဲ
Sten Gun
Sten Gun
၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၃ လအကြာ၌မြန်မာနိုင်ငံ အနှံအပြားတွင် ကွန်မြူနစ်ပါတီ၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KNDO) ၊ပြည်သူ့ရဲဘော်ဖြူ စသည်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် ဆူပူသောင်းကျန်းနေချိန်ဖြစ်သည်။ KNDO တပ်တို့သည် မြန်မာနိုင်ငံအောက်ပိုင်း သမိုင်း၊ ခ၀ဲခြံ၊ ကြို့ကုန်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်၊ ရွာမ၊ ဖော့ကန် စသောနေရာများအားသိမ်း ထားပြီးဖြစ်ပြီး အင်အားကြီးစွာရှိနေကြသည်။ ဗမာ့တပ်မတော်သည်လည်း သောင်းကျန်းချေမှုန်းစစ်ဆင်ရေးဆင်နွဲနေပြီး ကရင်တပ်များအား စစ်ဆင်နေချိန်ဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီး ဟရန်ထီးယိုး ဦးဆောင်သော ချင်းသေနတ်ကိုင်တိုင်းရင်းသား (၁) သည်လည်း တိုက်ပွဲ ၀င်ရန်အသင့်ဖြစ်နေသည်။ ဒုဗိုလ်မှူးကြီးဟရန်ထီယိုဦးဆောင်သည့် ချင်းသေနတ်ကိုင်တပ်ရင်း (၁) သည် သမိုင်းအရပ်တွင် KNDO တို့နှင့် တိုက်ပွဲများ ပြင်းထန်စွာ ရင်ဆိုင် တိုက်ခိုက်လျက်ရှိသည်။ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင်ဦးဆောင်သည့် ချင်းသေနတ်ကိုင်တပ်ရင်း (၂) နှင့် ကချင်သေနတ်ကိုင်တပ်ရင်း (၄) တို့သည့် မော်လမြိုင်၌ KNDO နှင့် MNDO တို့နှင့် ပြင်းထန်စွာ ရင်ဆိုင်တိုက်ခိုက်ပြီး KNDO တို့ထံမှ မော်လမြိုင်အား ပြန်လည် ရယူနိုင်ခဲ့သည်။ ထိုအချိန်တွင် ကချင်သေနတ်ကိုင် တပ်ရင်း (၄) နှင့် KNDO တို့သည် ပူးပေါင်းမိကြပြီး၊ အင်အား (၃၀၀၀) ခန့်ဖြင့် ရန်ကုန်မြို့ကို သိမ်းယူရန် ပြည်မြို့မှ ရန်ကုန်မြို့သို့ ချီတက်လာခဲ့ကြပြီး လှိုင်မြစ်အနောက်ဘက်ဘမ်းတွင် စခန်းချခဲ့ကြသည်။ ချင်းသေနတ်ကိုင် တပ်ရင်း (၁) သည် သမိုင်းအရပ်တွင် တိုက်ပွဲများပြင်းထန်စွာ ဆင်နွှဲနေလျက်ရှိပြီး၊ ယခုကဲ့သို့ ကချင်တပ်ရင်းနှင့် KNDO တို့ ထပ်မံရောက်ရှိလာခြင်းကြောင့် မြန်မာပြည်၏ အခြေအနေမဟန်တော့သဖြင့် ထိုအချိန်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်သာမက ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဦးနု နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းတို့မှ ချင်းသေနတ်ကိုင်တပ်ရင်း (၂) အား မော်လမြိုင်မှ မင်္ဂလာဒုံသို့ လာရောက်စေပြီး၊ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြသည်။ ထိုသို့ဖြင့် ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် စော်ဘွားကြီးကုန်းအရပ်တွင် ရှေ့တန်းစစ်မျက်နှာသစ် ဖွင့်လှစ်ခဲ့သည်။ KNDO တို့သည်လညး သမိုင်းအရပ်မှ အင်အားအချို့အား စော်ဘွားကြီးကုန်းသို့ တိုက်ပွဲများအတွက် ပြောင်းရွှေ့ခဲ့ကြသည်။
ဒီလိုနှင့် သမိုင်းဦးသော်ပန်းကန်စက်ကိုသိမ်းထားသော ကရင်တပ်တို့သည် ချင်းသေနတ်ကိုင်တပ်ရင်း(၁) နှင့် ပြည်ထေင်စုတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြရာ ကရင်တပ်တို့သည် နောက်သို့ဆုတ်ခွာပြီး၊ ထိုမှတဆင့် ရာဘာခြံ၊ ထို့နောက်ဦးစက္ကန့်ကျောင်းကိုအခြေခံပြု၍ အလုံးအရင်းနှင့် ခုခံလေသည်။ ဦးစက္ကန့်ကျောင်းသည် တောင်ကုန်းအမြင့်ပေါ်၌ တည်ရှိပြီး ပတ်ပတ်လည်ကုန်းမြင့်ပေါ်တွင် အုတ်ဖြင့်ပြုလုပ်ထားသော တိုက်ကျောင်းများရှိသည်။ ယင်းကျောင်းများကို ဗမာ့တပ်မတော်(၅)မှ တပ်သား (၁၀၀) ကျော်က အတန်တန် တိုက်ခိုက်သော်လည်းမအောင်မြင်ခဲ့ပေ။ သို့နှင့် ချင်းသေနတ်ကိုင်တပ်ရင်း(၁)မှု ဒုဗိုလ်မှုးကြီး ဟရန်ထီယိုး က တိုက်ချွန်း အားပျောက်ကြားနည်းဖြင့် ၀င်တိုက်ရန်တာဝန်ပေးခဲ့သည်။ တိုက်ချွန်း သည် သူ့စိတ်ကြိုက် လူ၊ လက်နက် ရွေးခြယ်ပြီး ၀င်တိုက်ရန်ပြင်ဆင်သည်။ သူနှင့်ရဲဘော် (၄)ဦးသည် ကျောင်းဝန်း၏အနောက်ဘက်မှ မွန်းတည့်(၁၂)နာရီတွင်ဝင်တိုက်ရန်ဖြစ်ပြီး တပ်မတော်ဘက်မှအစောင့်များလျော့ချရန်၊ ပစ်ခတ်ခြင်းများမပြုကြရန်နှင့် တိုက်ချွန်းဘက်မှ မီးကျည်းပစ်ဖောကိုက်သောအခါမှသာ တပ်မတော်မှ ၀င်တိုက်ရန်စီစည်ခဲ့သည်။ ကရင်တပ်ဘက်မှ သတိပေါ့လျော့စေရန်ရည်ရွယ်၍ တပ်မတော်ဘက်မှအစောင့်များလျော့စေခြင်း၊ မပစ်ခက်ရန် တိုက်ချွန်းအမိန့်ပေးခဲ့ခြင်းဖြစ်သည်။
Lt Run Ling
တိုက်ချွန်း၊တပ်ကြပ်ကြီးရွှန်လင်း (တပ်ကြပ်ကြီးရွှန်လင်းသည် တိုက်ချွန်းနှင့်တိုက်ပွဲပေါင်းများစွာ ၀င်တိုက်ပြိးနောက် သူရဘွဲ့ရရှိကာ မော်လမြိုင်ဘက်တွင်ဖြစ်ပွားသော တိုက်ပွဲတစ်ပွဲတွင် နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရသည်။) နှင့်အခြားရဲဘော်လေးဦးတို့သည် အရပ်ဝတ်စားနှင့် အ၀တ်ခပ်စုတ်စုတ်တွေဝတ်ပြီး ထိုအထဲ၌ သေနတ်များဝှတ်ယူလာခဲ့ကြပြီး ကျောင်းနောက်ဖက်မှ ၀ပ်တွားကာ၊စည်းရိုးကိုကျော်၍ စီစည်ထားသည့်အတိုင်း တရှိန်ထိုးဝင်ခဲ့ကြသည်။ ကရင်တပ်တို့သည်လည်း တပ်မတော်ဘက်မှ အပစ်အခတ်မရှိသည့် အချိန်၌ အေးအေးဆေးဆေး ဖြစ်နေခဲ့ရာ တချို့ကထမင်းစား၊ အိပ်သည့်သူအိပ်နှင့် တချို့က ဖဲပင်ရိုက်လို့နေကြသေးသည်။
တိုက်ချွန်းသည်ပြေးဝင်သွားပြီးစတင်းဂန်းဖြင့်ပစ်ခတ်ခဲ့သည်။ ထမင်းစားနေသူလူအုပ်ထဲသို့ ရွန်လင်းက လက်ပစ်ဗုံးကိုနှစ်လုံးဆင့်ပစ်ထည့်လိုက်သည်။ ထပြေးသူတွေကို စတင်းဂန်းဖြင့် ခပ်ရမ်းရမ်းဆွဲပစ်လိုက်သည်။ ဖဲက စားနေသောကရင်တပ်များကို တိုက်ချွန်းက အလယ်မှဝင်၍လက်ပစ်ဗုံးနှင့်ပစ်ထည့်လိုက်လေသည်။တိုက်ချွန်းနှင့်ရဲဘော်မ
အောင်ဆန်းသူရိယ သူရ ဗိုလ်တိုက်ချွန်း(သို့ မဟုတ်) အာဂလူ
-------------------------------------------------------------
ရန်ကုန်- တောင်ငူ မီးရထားလမ်းပေါ်မှာ
ရထားတစ်စီးက တစ်ငြိမ့်ငြိမ့်ပြေးနေလေသည်။ မီးရထား တွဲ တစ်တွဲပေါ်မှာ
လွန်ခဲ့သော တစ်နှစ်ခန့်က ကျောင်းဆင်းခဲ့သော အရာရှိငယ်လေးတစ်ဦးလိုက်ပါလာသည်။ စစ်ဆင်ရေးတစ်ခုပြီးမြောက်ရာကနေ အိမ်ကိုခွင့်ပြန်လာခဲ့သည်မို့
စစ်သွေးစစ်မာန်များတွက်ကြွနေလေရဲ့။
သူ့ရဲ့ စစ်မြေပြင်အတွေ့အကြုံများ၊ စစ်မြေပြင်မှာ တွေ့ကြုံဆုံခဲ့ရတဲ့
ဒုက္ခမျိုးစုံတို့ကို သူနှင့် ဘေးခြင်းကပ်ခုံမှာ ထိုင်နေသော
အမျိုးသားကြီးတစ်ဦးအား အာပေါင်အာရင်းသန်သန်ဖြင့် ရှင်းပြနေလေသည်။
အနီးအနားခုံမှ လူများကလည်း သူပြောသမျှ အတွေ့အကြုံများကို
စိတ်ဝင်တစားနားထောင်နေကြသည်။ ချက်ကျလက်ကျဖြင့် ကွက်ကွက်ကွင်းကွင်း ပြောပြနေသော
သူ၏ စစ်ဆင်ရေးအတွေ့အကြုံများကို ကြားရသည့် ခရီးသွားများအတွက်တော့
ဟင် ခနဲ... ဟာခနဲ့ ဖြစ်ခဲ့ရသည်။
သူ့နံဘေးက အမျိုးသားကြီးကတော့ ဘာမှမပြော။ သူပြောသမျှကိုသာ
ခေါင်းတစ်ညှိမ့်ညှိမ့်ဖြင့် နားထောင်နေသည်။သူ့ပုံစံက အေးတိအေးစက်နိုင်လွန်းလှသည်။ ဇရာအရေးကြောင်းတွေက မျက်နှာတွင် အထင်းသားပေါ်နေသလို ၊ လောကဓံ၏ ထုထောင်းမှုကို အလူးအလဲခံထားရသည့် ပုံစံပေါက်နေသည်။
Credit - Original Writer

No comments:

Post a Comment

Laitlaang khanhnak hnikhnaih (punctuations) ko daan te pawl. Zanniat Karama: No Hlai Mang.

1.2. LAITLAANG KHANHNAK HNIKHNAIHTE (PUNCTUATIONS) (1) . = Full stop, Period = Akhet, khet (2) , = Comma = Kawma (3) ; = Semicolon ...